နော်ဝေမှာ အမေရိကန်စစ်လေယာဉ်ပျက်ကျ ၊ လိုက်ပါသူအားလုံး သေဆုံး

အော်စလို၊ မတ်-၂၀-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်စစ်ဘက် လေယာဉ်တစင်းဟာ နော်ဝေနိုင်ငံမှာ မတ် ၁၉ ရက်နေ့က ပျက်ကျမှုကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူလေးဦးစလုံးသေဆုံးသွားပါတယ်။

အဲဒီလေယာဉ်ဟာ အမေရိကန်မရိန်းတပ်ဖွဲ့ကလေယာဉ်ဖြစ်ပြီး ပျက်ကျချိန်မှာတော့ နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်လေ့ကျင့်နေတာဖြစ်ပါတယ်။

နော်ဝေနိုင်ငံ ဘိုဒိုမြို့တောင်ပိုင်း ဝေလံခေါင်သီတဲ့နေရာမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် အဲဒီနေရာကို ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ ဆင်းသက်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီနေ့နံနက်ပိုင်းမှာတော့ အခင်းဖြစ်တဲ့နေရာကို နှင်းထဲမှာအသုံးပြုတဲ့ မော်တော်ဆိုင်ကယ်တွေ အသုံးပြုပြီး သွားရောက်ခဲ့ကြပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့လူလေးဦးစလုံးသေဆုံးခဲ့ပြီး အားလုံးဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

ရာသီဥတုဆိုးရွားမှုကြောင့် မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး ရာသီဥတုကောင်းမွန်ချိန်မှာ ပြန်လည်စတင်သွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Ref: BBC
Photo:PA Media

#voiceofmyanmar #VOM #နော်ဝေး #အမေရိကန်စစ်လေယာဉ်ပျက်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW