ဗြိတိန်မှာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် BA.2 ကူးစက်ပျံ့နှံ့နေ

လန်ဒန်၊ မတ်-၁၉-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်နိုင်ငံမှာ ခန့်မှန်းခြေအားဖြင့် လူ ၂၀ ဦးမှာ တစ်ဦးနှုန်း ကိုဗစ်ကူးစက်မှုနဲ့အတူ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေကြောင်း ဗြိတိန်အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ကူးစက်ခံရသူတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုကာကွယ်နိုင်ဖို့အတွက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ပြီးစီးထားတဲ့ အသက် ၇၅ နှစ်အထက်အရွယ်တွေအပါအ၀င် အသက်အုပ်စုတွေအားလုံးမှာ ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။

ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ရသူအရေအတွက် မြင့်တက်နေပေမယ့် ကာကွယ်ဆေးတွေဟာ ပြင်းထန်ရောဂါလက္ခဏာခံစားရမှုတွေကို ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိမှာ BA.2 လို့ခေါ်ဝေါ်တဲ့ ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဗြိတိန်မှာ ရောဂါ ကူးစက်မှုအများစုကို ဖြစ်ပေါ်နေပြီး မကြာသေးမီက ကန့်သတ်ချက်တွေဖြေလျှော့တာနဲ့ ကာကွယ်ဆေးအာနိသင်တွေ ကျဆင်းခြင်းတို့ဟာ ကူးစက်မှုမြင့်တက်လာခြင်းရဲ့ နောက်ကွယ်မှ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။

မတ် ၁၂ ရက်မှာ ကုန်ဆုံးမယ့် သီတင်းပတ်မှာ ဗြိတိန်ရှိလူဦးရေ ၃ ဒသမ ၃ သန်း ကိုဗစ်-၁၉ ကူးစက်ခဲ့ပြီး အဲဒီအရေအတွက်ဟာ ယခင်သီတင်းပတ်ကထက် ၂ ဒသမ ၆ သန်းမြင့်တက်ခဲ့ကြောင်း စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW