ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ လေးပုံတပုံနီးပါး နေရပ်စွန့်ခွာနေရ

ကုလသမဂ္ဂ၊ မတ်-၁၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ ၆ ဒသမ ၄၈ သန်းဟာ ပြည်တွင်းမှာတင် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ဆက်နွယ်နေတဲ့ အေဂျင်စီတွေရဲ့ ပူးတွဲအစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

စစ်ပွဲတွေကြောင့် ပိုလန်နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်သူအရေအတွက်ဟာ ရာခိုင်နှုန်းများလာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ၊ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့နဲ့ အခြားအဖွဲ့တွေရဲ့ မတ် ၁၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတွင်းကနေ အခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ရတဲ့ ယူကရိန်းပြည်သူအရေအတွက်ဟာ ၃ ဒသမ ၂၇ သန်းထိ တိုးလာကြောင်း ကုလသမဂ္ဂတာ၀န်ရှိသူတွေက မတ် ၁၈ ရက်မှာပြောပါတယ်။ ဒီကိန်းဂဏန်းတွေအရ ယူကရိန်းပြည်သူ လေးပုံတပုံနီးပါးဟာ ပြည်တွင်းနဲ့ပြည်ပနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လုံခြုံရေးအခြေအနေနဲ့ အခြားအကြောင်းအရာတွေကြောင့် လူအများအပြားဟာ မိမိဒေသတွေမှာ သောင်တင်နေ သို့မဟုတ် ထွက်ခွာနိုင်ခြင်းမရှိသေးကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု သီတင်းလေးပတ်ထဲရောက်ရှိနေချိန်မှာ ယူကရိန်းမြို့ကြီးတွေကို ရုရှားရဲ့ထိုးစစ်ဆင်မှုတွေဟာ လတ်တလောရပ်တန့်နေပြီး တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်ကိရိယာတွေ ကူညီနိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်က မတ် ၁၇ ရက်မှာ ထုတ်ဖော် ပြောကြား ထားပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW