မန္တလေးမှာ ညမထွက်ရအမိန့်ကို ၁၂ နာရီအထိ ဖြေလျှော့ပေး

မတ် ၂၃- ၂၀၂၂
Voice Of Myanamar

မန္တလေးမြို့မှာ အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် နယ်မြေတည်ငြိမ်အေးချမ်းလာ‌တာကြောင့် ဒီကနေ့က စတင်ပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။

မန္တလေးခရိုင်အတွင်းမှာရှိတဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေကို အရင်ကသတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဖြေလျှော့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် လူ(၅) ဦးဖြစ်စေ လူငါးဦးထက်ပို၍ဖြစ်စေ မြို့နယ်အတွင်း အများပြည်သူသွားရာလမ်း၊လမ်းကြား၊လမ်းသွယ်၊ဥယျာဥ်နဲ့ ပြည်သူနှင့်ဆိုင်သော နေရာတွေမှာ စုဝေးခြင်းမပြုဖို့ တားမြစ်ထားတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ်တွေကို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေ၊ ဆန္ဒပြတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ နစကကောင်စီက အမိန့်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmarv#VOM #မန္တလေး #ညမထွက်ရအမိန့် #ဖြေလျှော့

Related posts

Leave a Comment

VOM News

FREE
VIEW