KNCပါတီ ဥက္ကဋ္ဌ နဲ့ NLDပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်

မတ် ၂၃-၂၀၂၂
KK(VOM)

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာ M Kawn La နဲ့ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးမောင်မောင်ဆွေတို့ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ရှိ တရားအသီးသီးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကနေ သိရပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာ M Kawn Laကို ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ဒီကနေ့ မနက်ပိုင်းက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်က နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက်
ဇမ္မူသီရီမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်
ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အလားတူ နေပြည်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်ဆွေ ကို ပုဗ္ဗသီရိမြို့နယ် တရားရုံးကနေ ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။

ဦးမောင်မောင်ဆွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်က ပြင်ဦးလွင်မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဗ္ပသီရီမြို့နယ်ရဲစခန်မှာ ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်လှစ်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တဦးက ပြောပါတယ်။

လက်တလော ဦးမောင်မောင်ဆွေဟာ ထောင်ဒဏ်၂ နှစ် ကျခံရပြီးနောက် ဥပဒေပုဒ်မ ၁၇၁ (စ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၆၈ အမှု ၂ ခုကိုလည်း ထပ်မံရင်ဆိုင်ရမှာ ဖြစ်တယ်လို့ NLD ပါတီဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #KNCပါတီဥက္ကဋ္ဌ #NLDကိုယ်စားလှယ်ဟောင်း #ထောင်၂ နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW