နစကကောင်စီလက်ထက်မှာ ဘဏ်ဓားပြမှု ၁၈ ကြိမ်ဖြစ်ခဲ့ပြီး ငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံကျော်ဆုံးရှုံး

မတ်လ ၂၄-၂၀၂၂
KK(VOM)

နစကကောင်စီလက်ထက် ၂ နှစ်တာကာလအတွင်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားပြီး တန်ဖိုးငွေကျပ် ၁၃ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ နေပြည်တော် ပြန်ကြာရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

နစကကောင်စီ စတင်တာဝန်ယူဆောင်ရွက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ယခုနှစ် မတ်လ ၁၃ ရက်အထိ မြန်မာနိူင်ငံတဝန်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ ပြန်ကြားရေး ဒု-ဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။

” ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ တရားခံ ၉၇ ဦးဖမ်းမိခဲ့ပါတယ်။တန်ဖိုးငွေကျပ် တန်ဖိုးငွေ ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်။” လို့ ရှင်းလင်းပွဲမှာ ဒု-ဝန်ကြီးကပြောပါတယ်။

ဓားပြတိုက်မှုဖြစ်စဥ်တွေကတော့ ရန်ကုန်တိုင်းမှာ ၈ ကြိမ်၊ ပဲခူးတိုင်းမှာ ၄ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၂ကြိမ်၊ မန္တလေးတိုင်းမှာ ၁ ကြိမ်၊ မွန်ပြည်နယ်မှာ ၁ကြိမ်၊ ချင်းပြည်နယ်မှာ ၁ကြိမ်နဲ့ ကရင်ပြည်နယ်မှာ ၁ ကြိမ် စုစုပေါင်း ၁၈ ကြိမ်ဖြစ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ဘဏ်တွေကတော့ ကမ္ဘောဇဘဏ် ၄ ကြိမ်၊ ကမ္ဘာ့ရတနာဘဏ် ၃ ကြိမ်၊ မြန်မာ့စီးပွားရေးဘဏ် ၂ ကြိမ်၊ ဧရာဝတီဘဏ် ၂ ကြိမ်၊ CB ဘဏ် ၃ကြိမ်၊ UAB ဘဏ် ၂ ကြိမ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် ၁ ကြိမ်နှင့် AGD ဘဏ် ၁ကြိမ် စုစုပေါင်း ၁၈ ကြိမ်ရှိတယ်လို့ ပြန်ကြားရေး ဒု-ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နစကလက်ထက် #ဘဏ်ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW