နျူကလီးယားစစ်ပွဲဖြစ်လာရင် ဘယ်တော့မှ ရုရှားမနိုင်ဘူးလို့ နေတိုးအကြီးအကဲ သတိပေး

ဘရပ်ဆဲလ်၊ မတ်-၂၄-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့အနောက်အုပ်စုနိုင်ငံတွေအကြား နျူကလီးယားစစ်ဖြစ်မှာကို နေတိုးအဖွဲ့က မတ်လ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။

နျူကလီးယားလက်နက်သုံးမယ်ဆိုတဲ့ အန္တရာယ်ကြီးတဲ့ တာ၀န်မဲ့စကားတွေပြောနေတာကို ရုရှားအနေနဲ့ ရပ်တန့်သင့်တယ်လို့ နေတိုးအကြီးအကဲ ယန်စတိုတန်ဘာ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် ခြိမ်းခြောက်မှုမှန်သမျှကနေ မဟာမိတ်တွေကို အချိန်မရွေးကာကွယ်ပေးပြီး ခုခံကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ အဆင့်သင့်ဖြစ်မှုကိုလည်း သံသယမရှိဖို့ သူကပြောပါတယ်။

နျူကလီးယားစစ်ပွဲကို ဘယ်တော့မှ မနိုင်ဘူးဆိုတာ ရုရှားအနေနဲ့ နားလည်သဘောပေါက်ရမယ်လို့ ဘရပ်ဆဲလ်မှာကျင်းပတဲ့ နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ စတိုတန်ဘာ့က သတိပေးပြောဆိုပါတယ်။

လက်ရှိယူကရိန်းအရေးမှာ နေတိုးအဖွဲ့ဟာ ပဋိပက္ခထဲမှာမပါဘူး။ ယူကရိန်းကို အထောက်အပံ့တွေပေးနေပေမယ့် ပဋိပက္ခရဲ့ အစိတ်အပိုင်းတရပ် ဖြစ်မနေဘူးလို့ သူကဆိုပါတယ်။

နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းကို တပ်ဖွဲ့၀င်တွေ စေလွှတ်မှာမဟုတ်ပါဘူး။ ယူကရိန်းကို ထောက်ပံ့မှုတွေပြုဖို့ အလွန်အရေးကြီးနေပြီး ဒါကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် တချိန်တည်းမှာဘဲ နေတိုးအဖွဲ့နဲ့ ရုရှားတို့အကြား စစ်ပွဲဖြစ်မလာအောင်တားဆီးဖို့ကလည်း အလွန်အရေးကြီးတယ်လို့ နေတိုးအကြီးအကဲက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW