ပွင့်လင်းအေးမြိုင် စစ်ရှောင်စခန်းကိုအကြောင်းပြကာ လုပ်စားအလှူခံနေသူတွေကို တရားစွဲဆိုသွားမယ်

မတ်၂၆-၂၀၂၂
KK(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ဘုန်း
ကြီးကျောင်းရှိ စစ်ရှောင်တွေအတွက်လို့ဆိုကာ ခေါင်းစဥ်တပ် လိမ်လည်အလှူခံနေသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်းက မနေ့ မတ်လ ၂၅ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ရတဲ့အကြောင်းကတော့ မြို့ထဲ၊စျေးထဲနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်းကို ခေါင်းစဉ်တပ်အလှူခံနေတာတွေ့လို့ အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ကျေးရွာဥက္ကဋ္ဌက ပြောပါတယ်။

“စစ်ရှောင်စခန်းမှာ ရှိနေ၊ကူညီနေတဲ့သူတွေစုပြီးစာ
ထုတ်တာပါ ကျနော်တို့လဲ မသိဘူး၊ အဲ့ဒီလို အလှူခံနေ
ကြတာ၊ အဲ့ဒါ့ကြောင့် မသိဘဲနဲ့ခေါင်းစဥ်တပ်ပြီး အ
လှူခံစားတဲ့သူတွေကို အမှုဖွင့်တရားစွဲသွားမယ်”လို့ သူကပြောပါတယ်။

ပွင့်လင်းအေးမြိုင် စစ်ရှောင်စခန်းကိုအကြောင်းပြကာ လူပုဂ္ဂိုလ်တစ်ချို့က လူမှုကွန်ရက်စာမျက်နှာနဲ့ မြေပြင်မှာ လိမ်လည်အလှူခံတာတွေရှိနေတယ်လို့ ပွင့်လင်းအေးမြိုင်ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

“အဲ့ဒီလို အလှူခံတာကတော့ မကောင်းဘူး၊ တကယ် လှူဒါန်းတဲ့သူဆိုရင် စစ်ရှောင်စခန်းကိုလာလှူ၊ စခန်းအတွက် အလှူခံနေမယ်ဆိုရင် စခန်းကထောက်ခံချက်ပြန်ပေးမှာပေါ့”လို့ ဆရာတော်က မိန့်ပါတယ်။

လက်တလော ပွင့်လင်းမြိုင်စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာလိုအပ်မှုမရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးရွာခဲ့လို့ အပူရှပ်ဖျားနာနေသူတွေအတွက် ဆေးဝါတွေသာလိုအပ်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။

ကရင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပွင့်လင်းအေးမြိုင်ကျေးရွာအနီးဝန်းကျင်ရှိ ကျေးရွာတွေနဲ့ ကျောက်မိုင်း ၅ ခုခန့်က စစ်ရှောင်ပြည်သူ ၂၆၀ ခန့်မှာ ပွင့်လင်းအေးမြိုင်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်အဖြစ် လာရောက်ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေရဲ့စားမှုနေရေး ကိစ္စအဝဝကို ကျောင်းထိုင်ဆရာတော်ဦးစီးပြီး အရပ်ဘက်လူမှုကူညီရေးအဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြဝတီ #ပွင့်လင်းအေးမြိုင်စစ်ရှောင်စခန်း #အကြောင်းပြအလှူခံ #တရားစွဲမယ်

Related posts

Leave a Comment

VOM News

FREE
VIEW