ယူကရိန်းကို ရုရှားက ဓါတုလက်နက်နဲ့အသုံးပြုတိုက်ခိုက်ရင် နေတိုးအဖွဲ့က တုံ့ပြန်တော့မယ်

ဘရပ်ဆဲလ်၊ မတ်-၂၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းမှာ ရုရှားက ဓါတုလက်နက်အသုံးပြုတိုက်ခိုက်မယ်ဆိုရင် နေတိုးအဖွဲ့က တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုလိုက်ပါတယ်။

နေတိုးမဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက် ဥရောပကိုရောက်နေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အဲဒီလိုသတိပေးပြောဆိုမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

မစ္စတာဘိုင်ဒင်ဟာ တိုက်ပွဲတွေကြောင့် ယူကရိန်းပြည်သူ နှစ်သန်းကျော်ထွက်ပြေးခိုလှုံနေတဲ့ ပိုလန်နိုင်ငံကို မတ် ၂၅ ရက်မှာ သွားရောက်မှာဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားကဓါတုလက်နက်အသုံးပြုရင် ကျွန်တော်တို့တုံ့ပြန်မယ်။ တုံ့ပြန်မှုရဲ့ သဘောသဘာ၀ကတော့ အသုံးပြုတဲ့ သဘောသဘာ၀အပေါ်မူတည်တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဟာ သီတင်းငါးပတ်မြောက်ထဲကို ရောက်ရှိနေပြီး ရုရှားဟာ ဓါတုလက်နက် သို့မဟုတ် ဇီ၀လက်နက်တွေအသုံးပြုဖို့ ပြင်ဆင်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။

ဒီလိုလက်နက်တွေကို ရုရှားကအသုံးပြုလာမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပွားလာမယ်ဆိုတာ သေချာကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့က ထုတ်ဖော်ပြောဆိုထားပြီး ဓါတုလက်နက်တွေကို ပူတင်ကသုံးလာမယ်ဆိုရင် ဒါဟာ ဆိုးရွားတဲ့ ဒုက္ခကပ်ဆိုးကြီးဖြစ်လာမယ်လို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW