ဟားခါးမှာ စာ​မေးပွဲမေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ် ပျက်ကျ၊ (၅)ဦးဒဏ်ရာရ

မတ် ၂၉-၂၀၂၂
KK(VOM)

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စာမေးပွဲမေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဥ်တစ်စီးဟာ ဟားခါးရဟတ်ယာဥ်ကွင်းမှာ ဒီကနေ့မနက်ပိုင်းက ပျက်ကျခဲ့ပြီး လူ(၅)ဦးဒဏ်ရာ
ရရှိခဲ့တယ်လို့ နကစပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဟားခါးမြို့အတွက် ပညာသင်ကျောင်းသားတွေ အချိန်မှီစာမေးပွဲဖြေဆိုနိုင်ဖို့ ဟားခါးမြို့ကို ရဟတ်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ဟားခါးရှိ ရဟတ်ယာဉ်ကွင်းအတွင်း ဆင်းသတ်စဥ် မတော်တဆမှုဖြစ်ကာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဆိုတော့ မေးခွန်းတွေကို ရဟတ်ယာဉ်သုံးပြီးပို့တယ်၊ ကလေးမြို့ကနေ ဟားခါးကိုသွားတာ ဟားခါးရောက်တော့ ရဟတ်ယာဉ်က တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်က ပြုတ်ကျသွားတာ၊ ထိခိုက်တဲ့သူတွေရှိတယ်”လို့ ပြန်ကြားရေးဒုဝန်ကြီးက ရှင်းပြပါတယ်။

အဲ့ဒီ ရဟတ်ယာဥ်ပျက်ကျမှုမှာ တပ်မတော်သား ၂ ဦး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ နစကပြန်ကြားရေးကနေ သိရပါတယ်။

လက်တ​လော ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဟားခါဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်ကို ကရိန်းနဲ့ ပြန်ဆွဲနေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်းမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ မနက်ပိုင်းက တပ်မတော် လေ့
ကျင့်ရေးလေယာဥ်တစ်စီး ပျက်ကျပြီး ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဟားခါး #လေယာဉ်ပျက်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW