ထားဝယ်​မြို့က နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်(၃)ဦးကို ထောင်(၅)နှစ်စီ ထပ်တိုးအမိန့်ချ

ဧပြီ ၁-၂၀၂၂
KK(VOM)

ထားဝယ်မြို့နယ်မှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးကို မနေ့ မတ်လ ၃၁ရက် နေ့လယ်ပိုင်းက ထားဝယ်အကျဥ်းထောင်ရှိ ထောင်တွင်းအထူးတရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထ
ပ်တိုးအမိန့် ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

အမိန့်ချမှတ်ခံရသူသုံးဦးဟာ ထားဝယ်တက္ကသိုလ်က ကိုစိုးပြည့်အောင်၊ကျောင်းသူဟောင်းနှစ်ဦးဖြစ်တဲ့ မစိုးမီမီကျော်နဲ့ မသျှားပြည့်ခင် တို့ဖြစ်ပြီး သူတို့၃ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်တိုးအမိန့်ချခဲ့တာ ဖြစ်တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ သုံးလလောက်က ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချထားသေးတယ်၊အားလုံးပေါင်း ၇ နှစ်ကျမှာ”လို့ သူကပြောပါတယ်။

နိူင်ငံရေးတက်ကြွသူလူငယ်(၃)ဦးကို ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၀ရက်က ရဲတပ်ဖွဲ့ဝင်တွေကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကျော
င်းသားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။

ထားဝယ်ခရိုင်တရားရုံးမှာပဲ မတ်လ ၃၀ ရက်က နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တဦးဖြစ်တဲ့ ကိုဇေလင်းဦးကို ပုဒ်မ၃၀၂အတွက် ၁၀နှစ် နဲ့ ပုဒ်မ ၃၂၆ အတွက် ၅ နှစ် ထပ်မံအမိန့်ချမှတ်ခဲ့လည်းရှိပါတယ်။

ကိုဇေလင်ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃ရက်ကလည်း ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၉ (စ)၊ ၁၉ (င) ပုဒ်မနဲ့ထောင်ဒဏ် ၆နှစ်ခွဲအမိန့်ချမှတ်ထားတဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ် ၆လ ကျခံရမှာဖြစ်ပါတယ်။

ထားဝယ်မြို့ ထောင်တွင်းတရားရုံးက ယခုနှစ် မတ်လ ၆ ရက်အထိ အမျိုးသား ၁၇၅ ဦးနဲ့ အမျိုးသမီး၃၈ဦးကို ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်ခဲ့တယ်လို့ ထားဝယ်နိူင်ငံရေးအကျဥ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

#VOM #voiceofmyanmar #ထားဝယ် #တက်ကြွလှုပ်ရှားသူသုံးဦး #ထောင်ငါးနှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW