သီရိလင်္ကာမှာ ပြည်သူတွေဆန္ဒပြမှုတွေကြောင့် အစိုးရအဖွဲ့၀န်ကြီးတွေ ရာထူးမှနှုတ်ထွက်

ကိုလံဘို၊ ဧပြီ-၄-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းကို အစိုးရက ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူတွေ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် အစိုးရအဖွဲ့ ၀န်ကြီးတွေ ရာထူးမှနှုတ်ထွက်သွားကြပါတယ်။

၀န်ကြီး ၂၆ ဦးစလုံး နှုတ်ထွက်စာတင်ခဲ့ကြပေမယ့်လည်း ၀န်ကြီးချုပ် မာဟင်ဒါရာဂျပက်ဆာ နဲ့ သူ့ရဲ့ အကိုဖြစ်သူ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ တို့ကတော့ နှုတ်ထွက်ခြင်းမရှိသေးပါဘူး။

ရာဂျပက်ဆာမိသားစု နှုတ်ထွက်ရေးအတွက် တောင်းဆိုနေတဲ့ အမျက်ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက အစိုးရအဖွဲ့၀န်ကြီးတွေနှုတ်ထွက်မှုဟာ အဓိပ္ပါယ်မရှိကြောင်း ပြောဆိုနေကြပါတယ်။

ဧပြီ ၃ ရက်ကလည်း ဆန္ဒပြသူအများအပြားဟာ ညမထွက်ရအမိန့်ကို ဖီဆန်ပြီး မြို့ကြီးအချို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။

လောင်စာဆီတင်သွင်းမှုအတွက် ပေးချေဖို့အသုံးပြုတဲ့ နိုင်ငံခြားငွေနည်းပါးခြင်း၊ နေ့တစ်၀က်သို့မဟုတ် ထို့ထက်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ ဆေးဝါးနဲ့လောင်စာဆီပြတ်လပ်မှုတို့ကြောင့် အများပြည်သူတွေ အမျက်ဒေါသထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW