ကန့်ဘလူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ​ေနအိမ် အပါအဝင် အဆောက်အဦး ၄ ခုထက်မနည်း ချိတ်ပိတ်

ဧပြီ ၊ ၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားချယ်ရဲ့ နေအိမ် အပါအဝင် ဆောက်အဦးတချို့မနေ့က ချိတ်ပိတ်သိမ်းဆည်းခံရတယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က မြို့နယ်အဖွဲ့က လာရောက်ချိတ်ပိတ်သွားတာပါ ၊ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်ရဲ့ နေအိမ် ၊ ဦးစိုးမင်းအောင် ပိုင်တဲ့ လမင်းအောင် ဘီယာဆိုင် အပါအဝင် အဆောက်အဦး ၄ ခုထက္မနည်း ချိတ်ပိတ်ခံရတာ ” လို့ ကန့်ဘလူမြို့ခံတစ်ယောက်က ပြောပါတယ်။

ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်ဟာ ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းစံပြကျေးရွာမှာ အခြေချနေထိုင်တဲ့အတွက် ထန်းကုန်းရွာက နေအိမ်ကို ချိတ်ပိတ်တာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒေါ်ခင်မျိုးချစ်ရဲ့ ခင်ပွန်းဖြစ်သူ ဦးတင်စိုးလင်းကိုလည်း အကြမ်းဖက္မှု တိုက်ဖျက်ဆိုင်ရေး ဆိုင်ရာ ဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ခံထားရတယ်လို့ ကန့်ဘလူ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ နေအိမ်အဆောက်အဦးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အဆောက်အဦးတွေ ချိတ်ပိတ်သိမ်းဆည်းခံရတာဟာ ရာဂဏန်းနီးပါးရှိနေပြီးလို့ လေ့လာစောင့်ကြည့်သူတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်နေအိမ်ချိတ်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW