ပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တိုက်တွန်း

ဝါရှင်တန်၊ ဧပြီ-၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င်တွေရဲ့ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေ ထွက်ပေါ်လာချိန်မှာ ရုရှားသမ္မတပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြို့တော်ကိယက်ဗ်အနီး ဘူချာမြို့မှာ ရုရှားတပ်တွေဆုတ်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အရပ်သားတွေရဲ့ အလောင်းတွေ အများအပြားတွေ့ရှိပြီးနောက် နိုင်ငံတကာကလည်း အမျက်ဒေါသထွက်နေကြပါတယ်။

ဘူချာမြို့ကို ရုရှားတပ်တွေ သိမ်းပိုက်ထားချိန်အတွင်း မြို့ရဲ့လမ်းတွေပေါ်မှာ အလောင်းတွေပြန့်ကြဲနေတဲ့ ဓါတ်ပုံတွေကို ကမ္ဘာမြေလေ့လာရေးကုမ္ပဏီဖြစ်တဲ့ Maxar က ထုတ်ပြန်ပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီလူရက်စက်တယ်လို့ ရုရှားသမ္မတပူတင်ကိုရည်ညွှန်းပြီး ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပြီး ပူတင်ဟာ စစ်ရာဇ၀တ်ကောင်လို့ ယုံကြည်ကြောင်း သူကထည့်သွင်းပြောဆိုပါတယ်။

ဒါပေမယ့် ယူကရိန်းဟာ အရပ်သားတွေသေဆုံးတဲ့ပုံရိပ်တွေကို လုပ်ဇာတ်အဖြစ် ပြသခဲ့တာလို့ ရုရှားဘက်က ဆိုပါတယ်။

ဓါတ်ပုံတွေကို နယူးယောက်တိုင်းမ်သတင်းဌာနက ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာတော့ မြို့ကို ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ မတ် ၁၁ ရက်ကတည်းက လမ်းပေါ်မှာ အလောင်း ၁၁ လောင်းထက်မနည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိယက်ဗ်ဒေသ၀န်းကျင်မှာ သေဆုံးနေတဲ့ အရပ်သားအလောင်း ၄၁၀ ဦးကိုတွေ့ရှိပြီးနောက် ယူကရိန်းအစိုးရတော့ စစ်ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

အလောင်းအချို့ကို အစုလိုက်အပြုံလိုက်မြုပ်နှံထားပြီး အချို့ကတော့လက်တွေကို ကြိုးတုပ်ခံထားရပြီး အနီးကပ်ပစ်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW