ကုလသမဂ္ဂ ဖျက်သိမ်းဖို့အစီအစဉ်မရှိရင် ရုရှားကိုအရေးယူဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ ဧပြီ-၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားစစ်တပ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ယူကရိန်းအရပ်သားအများအပြား သတ်ဖြတ်ခံခဲ့ရပြီး ရုရှားတပ်ဖွဲ့၀င်တွေဟာ အရပ်သားတွေကို အပျော်သဘောနဲ့ တင့်ကားတွေအသုံးပြုသတ်ဖြတ်ခဲ့တယ်လို့ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗီဒီယိုကတဆင့် မိန့်ခွန်းပြောရာမှာ ပြောဆိုပါတယ်။

ကုသလမဂ္ဂကို ဖျက်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီးလား၊ နိုင်ငံတကာ ဥပဒေတွေ ကျရှုံးတဲ့အချိန်ရောက်ပြီလား။ ဒီမေးခွန်းတွေရဲ့အဖြေက မဟုတ်ဘူးဆိုရင် ရုရှားကို ချက်ချင်းအရေးယူရမှာဖြစ်ပြီး တာ၀န်ခံမှုကိုရှောင်လွှဲလို့မရဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကုလသမဂ္ဂမှာ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရရှိထားတဲ့ ဗီတိုအာဏာကို လူသတ်ခွင့်အဖြစ်ပြောင်းလဲနေတဲ့ နိုင်ငံတနိုင်ငံနဲ့ မိမိတို့ ရင်ဆိုင်နေရတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ အရပ်သားရာချီပြီး သတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေနဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း သမ္မတက မိန့်ခွန်းပြောပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ သေဆုံးနေတဲ့ အရပ်သားတွေရဲ့အလောင်းတွေရဲ့ ပုံရိပ်တွေကို ဘယ်တော့မှ မေ့မရဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတက်ရက်စ်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW