တီးတိန်မြို့မှာ စာမေးပွဲဖြေနေတဲ့အချိန် ပေါက်ကွဲမှုဖြစ်ပွား

ဧပြီ ၊ ၆-၂၀၂၂
SP (VOM)

ချင်းပြည်နယ် (မြောက်ပိုင်း) ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ စကောလမ်းရပ်ကွက်မှာရှိတဲ့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းဝန်းထဲမှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတချို့ သိမ်းဆည်းရမိတယ်လို့ တီးတိန်မြို့ခံတွေဆီက သိရပါတယ်။

” စာမေးပွဲဖြေဆိုဖို့ အချိန်မှာ ပေါက်ကွဲတာပါ ” လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး တာဝန်ကျ ပညာရေးဝန်ထမ်းတယောက်က ” ဆိုင်ကယ်စီး လူ ၂ ယောက်က ကျောင်းအနောက်ဘက်လမ်းကနေ ကျောင်းထဲကို လက်လုပ်ဗုံး လာရောက်ပစ်ပေါက်သွားတာပါ ၊ အဲ့ဒီ လက်လုပ်မိုင်း ၂ လုံးက ကျောင်းရဲ့ အနောက်မြောက်ဘက် ခြံစည်းရိုးနားမှာ ကျရောက်ပေါက်ကွဲပြီး ၊ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကိုလည်း တွေ့ရတာ ” လို့ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး စာမေးပွဲဖြေဆိုတာတွေနဲ့ ကျောင်းသား ကျောင်းသူ ၊ ဆရာ မိဘ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ဟာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုတာ ၆ ရက်မြောက်နေ့ဖြစ်ပြီး ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက အခုလို ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ တီးတိန်မြို့ခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဝင် စားမေးပွဲဖြေဆိုနေတဲ့အချိန်မှာ တနင်္သာရီတိုင်း ရေဖြူမြို့ ၊ ရေဖြူ အထက်တန်းကျောင်း ၊ စစ်ကိုင်းတိုင်း ကောလင်းမြို့ ၊ ​မောက်အင်းအထက်တန်းကျောင်း နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ၊ ပခန်းကြီး အဖက်တန်းကျောင်းတွေမှာ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါသေးတယ်။

ပုံစာ-တီးတိန် အထက ၁ ကျောင်းကို ဒီမနက်ပိုင်းက မြင်ရပုံ

#voiceofmyanmar #VOM #တီးတိန် #စာသင်ကျောင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW