ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်တွေ ထိုးစစ်ဆင်ဖွယ်ရှိ၊ ယူကရိန်းပြည်သူတွေ တိမ်းရှောင်ကြဖို့ ဒု၀န်ကြီးချုပ် သတိပေး

ကိယက်ဗ်၊ ဧပြီ-၇-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရှေ့ပိုင်းတွင်နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ကြဖို့ ယူကရိန်း ဒုတိယ၀န်ကြီးချုပ်က ဧပြီ ၆ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

တကယ်လို့ ဘေးလွတ်ရာကို မတိမ်းရှောင်ဘူးဆိုရင် ရုရှာတပ်ဖွဲ့တွေ ကျူးကျော်၀င်ရောက်လာပါက ဒေသခံပြည်သူတွေကို ကူညီနိုင်မှာမဟုတ်ဘူးလို့ ဒုတိယ၀န်ကြီးချုပ် အိုင်ရာနာဗီရီချော့က ပြောပါတယ်။

တရားလက်လွတ်သတ်ဖြတ်မှုတွေအပါအ၀င် ရုရှားတပ်တွေထိန်းချုပ်မှုအောက်ရှိ ယူကရိန်းမြို့တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေ ထွက်ပေါ်လာချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ခါခိဗ်အပါအ၀င် ဒွန်နက်၊ လူဟန့်ဒေသရှိ ခေါင်းဆောင်တွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုတစုံတရာ မလုပ်ဆောင်မီ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ ကြိုးစားနေကြကြောင်း ယူကရိန်း ဒုတိယ၀န်ကြီးချုပ်က ပြောပါတယ်။

ရုရှားတပ်တွေဟာ ကိယက်ဗ်နှင့် ချာနီဟဗ်ဒေသတွေကနေ အပြည့်အ၀ရုပ်သိမ်းသွားပြီဖြစ်ပြီး ယူကရိန်းအရှေ့အပိုင်းကို ထိုးစစ်ဆင်ဖို့ အာရုံစိုက်နေကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:AFP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW