ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက်ဟောင်း ထောင်၂ နှစ် ချမှတ်ခံရ

ဧပြီ ၇-၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက်ဟောင်း လွေးအမ်ဖောင်းကို ဒီကနေ့မနက်ပိုင်းက လားရှိုးအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ် ခံရလိုက်ရတယ်လို့ သူမနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“လွေးအမ်ဖောင် ၂၁ နှစ်က ၂၀၂၁ စက်တင်ဘာ ၂၆ ရက်မှာ ဖမ်းခံရတာ။ ဒီနေ့မနက် လားရှိုးအကျဥ်းထောင်ရဲ့ထောင်တွင်းသီးသန့်တရားရုံးကနေ ရာဇသတ် ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတာ” လို့ သူမနဲ့ ရင်းနှီးသူတဦးကပြောပါတယ်။

မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကိုလည်း အိုးဘိုထောင်တွင်းတရားရုံးက အကြမ်းဖက်ပုဒ်မ ၅၂ – က နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ ဧပြီ ၅ ရက် နေ့က အမိန့်ချခဲ့ပါသေးတယ်။

ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်းကိုလည်း ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo-SPM
#voiceofmyanmar #VOM #ရွှေဖီမြေ #သတင်းထောက်ဟောင်း #လွေးအမ်ဖောင်း #ထောင်၂နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW