ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ ရုရှားရဲ့ထိုးစစ်ဆင်မှုတွေ စတင်

ကိယက်ဗ်၊ ဧပြီ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်မှုတွေကို စတင်နေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဧပြီ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ဧပြီ ၁၈ ရက်မှာ ယူကရိန်းမြို့ကြီးတွေကို ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒွန်ဘက်စ်ဒေသအတွက် စစ်ပွဲစတင်ပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

အဲဒီဒေသရှိ ယူကရိန်းရှေ့တန်းအခြေစိုက်နေရာတွေကို ရုရှားတပ်တွေက ဖြတ်ကျော်ဖို့ ကြိုးစားနေကြောင်း ယူကရိန်းထိပ်တန်း လုံခြုံရေးအရာရှိတစ်ဦးဖြစ်သူ အိုလက်ဆီဒန်နီလော့ဗ်က ပြောပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ဖို့ကြိုးစားမှု မအောင်မြင်ပြီးနောက် ဒွန်ဘက်စ်ဒေသမှာ ပြုလုပ်တဲ့ထိုးစစ်ဟာ ကာလရှည်ကြာဖွယ်ရှိနေပါတယ်။

ရုရှားဟာ ယူကရိန်းမြို့ကြီးတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစိုးရကိုဖြုတ်ချဖို့ အစောပိုင်းက မျှော်လင့်ထားခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းတပ်တွေရဲ့ ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ အဲဒီနောက်မှာတော့ ယူကရိန်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့ ပထမအဆင့် အဓိကရည်မှန်းချက်တွေ အောင်မြင်ခဲ့ကြောင်း ၊တပ်ဖွဲ့တွေကို မြို့တော်ကိယက်ဗ်၀န်းကျင်ဒေသတွေမှ ဆုတ်ခွာကာ ရုရှားစကားပြောသူအများစုနေထိုင်ရာ ဒွန်ဘက်စ်ဒေသ လွတ်မြောက်ရေးအတွက် အဓိက အာရုံစိုက်သွားမယ်လို့ ရုရှားက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW