တမူးမြို့ပြည်သူ့ဆေးရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ဧပြီ ၊ ၂၃-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြို့နယ်ပြည်သူ့ဆေးရုံထဲမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပေါ်ခဲ့တယ်လို့ တမူးမြို့မရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

” ဆေးရုံဝန်းထဲက ရုံးအဆောက်အဦးတစ်လုံး မီးလောင်တာပါ ၊ ဒီမနက် ၈ နာရီမှာ အလုံးစုံ မီးငြိမ်သတ်နိုင်ပါပြီ ၊ မီးစတင်လောင်ကျွမ်းရတဲ့ အဓိကအချက်ကတော့ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ဖို့များတယ် ” လို့ တမူးမြို့နယ် မီးသတ်ဦးစီးဌာနရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေရဲ့ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

တမူးမြို့ဟာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ တည်ရှိပြီး မကြာခဏ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားပြီး လူနေအဆောက်အဦးတွေနဲ့ ရုံးဌာနအဆောက်အဦးတချို့ မီးလောင်တတ်လေ့ရှိတယ်လို့ တမူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #ဆေးရုံ #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW