နိုင်ဂျီးရီးယားမှာ တရားမ၀င်ရေနံချက်စက်ရုံပေါက်ကွဲမှု လူ ၁၀၀ ကျော်သေဆုံး

အဘူဂျာ၊ ဧပြီ-၂၅-၂၀၂၂
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံမှာ တရားမ၀င်ရေနံချက်စက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ကြောင်း သမ္မတ ဘူဟာရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံတောင်ပိုင်း အိုင်မိုပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်ဟာ ကပ်ဘေးတခုဖြစ်ပြီး နိုင်ငံရဲ့အမျိုးသားဘေးအန္တရယ်ဖြစ်တယ်လို့ သမ္မတကဆိုပါတယ်။

သေဆုံးသူအများအပြားဟာ မီလောင်ကျွမ်းမှုကြောင့် မည်သူမည်ဝါဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အခြေအနေမရှိလောက်အောင် ရုပ်ပျက်ဆင်းပျက်တွေဖြစ်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာတော့ ရေနံချက်စက်ရုံအတွင်း လူဒါဇင်ပေါင်းများစွာ အလုပ်လုပ်ကိုင်နေကြတယ်လို့ ယူဆရပါတယ်။

သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး လက်ရှိချိန်ထိ လူ ၁၀၉ ဦးသေဆုံးကြောင်း အရေးပေါ်ဌာနက အတည်ပြုထားပါတယ်။

ဆယ်စုနှစ်များစွာအတွင်း ရေနံလုပ်ငန်းကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေ ပျက်စီးခြင်း၊ ရေနံကြွယ်၀မှုကို မျှဝေရယူမှုမရှိတာတွေကြောင့် ၀င်ငွေရရှိဖို့ တရားမ၀င်ရေနံချက်လုပ်ငန်းတွေ ပေါ်ပေါက်နေပါတယ်။

ဒီလိုဖြစ်ပွားနေတာတွေကို ရပ်တန့်ဖို့ ကြိုးစားကြပေမယ့်လည်း နိုင်ဂျာမြစ်၀ကျွန်းပေါ်ဒေသမှာ တရားမ၀င်ရေနံချက်လုပ်ငန်းတွေ ရှိနေဆဲဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW