နျူကလီးယားလက်နက်အစီအစဉ် အရှိန်မြှင့်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကတိပြု

ပြုံးယမ်း၊ ဧျပီ-၂၆-၂၀၂၂
မိျုးဆက်(VOM)

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဧျပီ ၂၅ ရက်ညပိုင်းကပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကတိပြုပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား စစ်တပ်တည်ထောင်ခြင်းနှစ်ပတ်လည်နေ့မှာ ပြုလုပ်တဲ့ အဲဒီစစ်ရေးပြ အခမ်းအနားမှာယ ကုလသမဂ္ဂကတားမြစ်ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

မိမိတို့နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ကို အမြန်ဆုံးအရှိန်အဟုန်နဲ့ အားကောင်းခိုင်မာစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နျူကလီးယားတပ်ဖွဲ့တွေအနေနဲ့လည်း အချိန်မရွေးအသင့်ဖြစ်နေရမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုပါတယ်။

မတ်လအတွင်းမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့အကြီးဆုံးတိုက်ချင်းပစ်ဒုံးကျည်သစ်ကို စမ်းသပ်ခဲ့ပြီး ဒါဟာ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ်စမ်းသပ်ခဲ့ပြီးနောက် ဒုတိယမြောက် စမ်းသပ်ခြင်းလည်းဖြစ်ပါတယ်။

ဒီကိစ္စအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဲဒီ တိုက်ချင်းပစ်ဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်နိုင်ဖွယ်ရှိနေပါတယ်။
Ref: BBC
Photo:Reuters

#voiceofmyanmar #VOM #မြောက်ကိုရီးယား #ကင်ဂျုံအန်

Related posts

Leave a Comment

VOM News

FREE
VIEW