ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတ၀န်းရှိ အိမ်ထောင်စုတွေ လူနေမှုစရိတ်အကြပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

၀ါရှင်တန်၊ ဧပြီ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲကြောင့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး ကုန်စျေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ဘဏ်က သတိပေးပြောဆိုလိုက်သည်။

ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲအခြေအနေတွေကြောင့် သဘာ၀ဓါတ်ငွေ့မှ ဂျုံနဲ့ ဂွမ်းအထိ ကုန်စျေးနှုန်း ကြီးကြီးမားမားမြင့်တက်စေကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်သစ်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် အလွန်ကြီးမားတဲ့ စီးပွားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေ စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း အစီရင်ခံစာပူးတွဲရေးသားသူ ပီတာနက်ဂလီက ပြောပါတယ်။

ကမ္ဘာတ၀န်းရှိ အိမ်ထောင်စုတွေဟာ လူနေမှုစရိတ်အကြပ်အတည်းကို ရင်ဆိုင်ခံစားနေကြရကြောင်း သူကဆိုပါတယ်။

အစားအစာနဲ့ စွမ်းအင်အတွက် ၀င်ငွေဝေစုပိုမိုကြီးမားလာတဲ့အတွက် ဆင်းရဲတဲ့ အိမ်ထောင်စုတွေအတွက် အထူးစိုးရိမ်မိကြောင်းနဲ့ အထူးသဖြင့် ဒီလိုအိမ်ထောင်စုတွေဟာ ကုန်စျေးနှုန်းတက်တဲ့ဒဏ်ကို အထိအရှမခံနိုင်ဆုံး အုပ်စုဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် ပီတာနက်ဂလီက ပြောပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW