လမိုင်းမြို့မှာ အိမ်သာကျင်းဆယ်သူ ၃ ဦး အောက်စီဂျင်ပြတ်တောက်ရာက ၁ ဦးသေ ၊ ၂ ဦး အတွင်းလူနာဖြစ်

ဧပြီ ၊ ၂၆-၂၀၂၂
SP ( VOM)

မွန်ပြည်နယ်၊ လမိုင်းမြို့၊ မြို့မ အမှတ် ၁ ရပ်ကွက် ၊ ဘူတာပိုင်းက နေအိမ်နစ်ခုမှာ ဒီကနေ့ ညနေ၂ နာရီဝန်းကျင်က အိမ်သာကျင်းဆယ်ယူသူ လူ ၃ ဦး အောက်စီဂျင်ပြတ်တောက်ရာက ၁ဦး သေဆုံးပြီး ကျန် ၂ ဦးမှာ အတွင်းလူနာအဖြစ် ဆေးကုသနေရတယ်လို့ လမိုင်းမြို့နယ် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” အိမ်သာကျင်း ဆယ်ယူတဲ့ လူ ၃ ယောက်က ကျင်းထဲမှာတင် အောက်စီဂျင်ပြတ်ပြီး သတိလစ်မေ့မျှောနေတာကို အသက်လုပြီး ကယ်ဆယ်တဲ့အခါ နောက်ဆုံး တယောက်ကတော့ အသက်မမှီလိုက်ဘူး ” လို့ လမိုင်း ပရဟိတလူငယ်များအဖွဲ့ ၊ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ လူ ၂ ဦးကို လမိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်အန္တရာယ် အလွန်စိုးရိမ်ရတဲ့အတွက် မော်လမြိုင် ပြည်နယ်ဆေးရုံကြီးဆီကို ထပ်ဆင့်ပို့ပေးရတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

” အခုလို ရာသီဥတုပူပြင်းတဲ့ကာလမှာ အလုံပိတ်အခန်းတွေ ၊ ကျင်းတွေ ၊ မြေအောက်ခန်းတွေဟာ အောက်စီဂျင် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ကာ ပြတ်တောက်တဲ့ အခြေအနေထိ ရောက်တတ်လေ့ရှိတယ် ၊ အဲ့ဒါကို သတိပြုဖို့လိုတယ်”လို့ လမိုင်းမြို့နယ်မီးသတ်ဦးစီးဌာနက အကြံပြုပြောပါသေးတယ်။

#voiceofmyanmar #VOM #လမိုင်းမြို့ #အိမ်သာကျင်းဆယ်သူ၃ဦး #အောက်စီဂျင်ပြတ်တောက်ရာက၁ဦးသေ #၂ဦးအတွင်းလူနာဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW