အမေရိကန် ဒုသမ္မတ ကမလာဟားရစ် ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်ထုတ်ပြန်

ဝါရှင်တန်၊ ဧပြီ-၂၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးမီက ခရီးသွားလာမှုအချိန်ဇယားကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ဒုတိယသမ္မတဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိကြောင်း ကမလာဟားရစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ဧပြီ ၂၅ ရက်ထိတိုင်အောင် ဝါရှင်တန်မှ ခရီးထွက်ခွာခဲ့သူဖြစ်ပါတယ်။

သူဟာ လက်ရှိချိန်ထိ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ တာ၀န်တွေကို သူ့ရဲ့အိမ်ကနေ ဆက်လက်ထမ်းဆောင်သွားဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်ဟာ ယခုနှစ် ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကမလာဟားရစ်ရဲ့ ခင်ပွန်းဖြစ်သူဟာလည်း မတ်လအတွင်းမှာ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

အမေရိကန်မှာ လက်ရှိချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၂ သန်းကျော်ရှိနေပြီး သေဆုံးသူ တစ်သန်းကျော်ရှိလာပြီဖြစ်ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW