ပစ်ခတ် ဖမ်းဆီးတာတွေကြောင့် မနေ့က ၁ ရက်ထဲမှာ လူ ၂ ဒါဇင်နီးပါး သေဆုံး

မေ ၊ ၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုမှာ ပစ်ခတ်တာတွေဖြစ်ပွားခဲ့တဲ့အတွက် ဧပြီ ၃၀ မနေ့က ၁ ရက်ထဲမှာကို လူပေါင်း ၂ ဒါဇင်နီးပါး သေဆုံးခဲ့တယ်လို့ အဲ့ဒီ အခင်းဖြစ်ပွားရာနယ်ခံတွေဆီက သိရပါတယ်။

” စစ်ကြောင်းက ရွာဘက်ကို နယ်မြေရှင်းလင်းရေးရောက်လာတဲ့အခါ ၊ ရွာရဲ့တောင်ဘက်မှာ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လူ ၁၁ ယောက် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ် “လို့ ခင်ဦးမြို့နယ် ၊ ကျီးကန်ကျေးရွာခံတယောက်ကပြောပါတယ်။

ဒါ့အပြင် မနေ့က မနက် ၉ နာရီဝန်းကျင်ကလည်း ခင်ဦးမြို့ရဲ့ အနောက်မြောက်ဘက် ၊ ခင်ဦး ကန်သာယာ ကားလမ်းဘေးက လယ်ကွက်ထဲမှာ လူငယ် ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒါကြောင့် မနေ့က ၁ ရက်ထဲမှာကို ခင်ဦးမြို့နယ်မှာ သေဆုံးသူ ၁၃ ယောက်ရှိခဲ့တာဖြစ်ပါတယ် ။

ဒါ့အပြင် မနေ့က ညနေ ၃ နာရီဝန်းကျင်အချိန်က ကသာမြို့နယ် ၊ ချောင်းဝကျေးရွာရဲ့ အနောက်ဘက်မှာလည်း ပစ်ခတ်ဖမ်းဆီးတာတွေဖြစ်ပွားခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ရပြန်ပါတယ်။

မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာရဲ့ အနောက်တောင်ဘက်မှာလည်း ပစ်ခတ်ဖမ်းဆီးတဲ့အတွက် လူ ၃ ယောက် ထပ်မံသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

” သေဆုံးအားလုံး ၂၀ ရှိတယ် ၊ သေဆုံးသူ အများစုကတော့ လူငယ်လူလတ်ပိုင်း အမျိုးသားတွေဖြစ်တယ် ” လို့ မုံရွာနိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ် ၊ ခင်ဦးမြို့နယ်နဲ့ ကသာမြို့နယ် ၃ ခုပေါင်း လူ ၂၀ သေဆုံးရတာလို့ သိရတာဖြစ်ပါတယ်။

အဲ့ဒီ သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာက်ုတော့ VOMအနေနဲ့ သီးခြားအတည်ပြုပေးနိုင်တာ မရှိပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ပစ်ခတ်ဖမ်းဆီး #သေဆုံးသူ၂ဒါဇင်နီးပါးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW