မြ၀တီ-မဲဆောက်တံတား မကြာမီပြန်ဖွင့်ဖို့ စီစဉ်နေ

ဘန်ကောက်၊ မေ-၂-၂၀၂၂
မျိုးဆက်(VOM)

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြ၀တီ-မဲဆောက်တံတားကို မေ ၅ ရက်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေကြောင်း ထိုင်းတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် ပိတ်ထားရတဲ့အဲဒီတံတားအပြည့်အဝြပန်ဖွင့်ဖို့ ပြင်ဆင်နေပြီး ထိုင်းဘက်အခြမ်းက စစ်ဆေးရေးဂိတ်တွေမှာလည်း မေ ၁ ရက်နေ့မှာ သန့်ရှင်းရေးတွေပြုလုပ်နေကြပါတယ်။

တံတားပြန်ဖွင့်ဖို့အတွက် မြန်မာတာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး မြ၀တီနယ်စပ်ရှိ တာ၀န်ရှိသူတွေဆီက တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းနယ်စပ်တာ၀န်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုတားဆီးကာကွယ်ဖို့အတွက် အဲဒီတံတားကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်ကစပြီး ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတံတားပြန်ဖွင့်မှာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်းနဲ့ နယ်စပ်တွေပိတ်ထားကတည်းက လုပ်ငန်းတွေ ကျဆင်းပြီး အခက်အခဲတွေကြုံတွေ့ခဲ့ရကြောင်းတံတားအနီးရှိ ကုန်စုံဆိုင်တဆိုင်ပိုင်ရှင် အမျိုးသမီးက သတင်းထောက်တွေကို ပြောပါတယ်။

Ref:The Nation
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW