ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားရဲ့မိဘ၂ပါးအပါအဝင် မိသားစုဝင် ၇ ယောက် ဖမ်းဆီးခံရ

မေ ၂-၂၀၂၂
VOM (GG)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ရဲ့မိဘနှစ်ပါးအပါအဝင် မိသားစု၇ယောက်ကို စစ်တပ်က မနေ့ မေလ ၁ ရက် ညပိုင်းက ဖမ်းဆီးသွားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။

“ဒေါပုံမြို့နယ် ၊ အောင်သုခလမ်းက သူ့အိမ်ကိုလာရှာချိန် သူ့အဖေရော အမေရောအကုန်လုံး ၇ယောက်ကိုခေါ်သွားတယ်လို့ ကျနော်တို့စုံစမ်းသိရတယ်။ မနေ့က ညမှာ ဖမ်းသွားတာပါ။ အခြေအနေကို စောင့်ကြည့်နေမှာပါ”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သားဖြစ်သူ ဉာဏ်ဝင်းထက်ကို လာရောက်ရှာဖွေချိန် နေအိမ်မှာမတွေ့တာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်လည်းပါတယ်လို့ သိရပါတယ်။

အခုလိုဖမ်းဆီးတာနဲ့ပတ်သက်ပြီး နိုင်ငံတကာသံရုံးတွေ၊ အဖွဲ့အစည်းတွေကို အကြောင်းကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ လ ၁ ရက်နေ့ကနေ မေလ၁ ရက်အထိ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၁၃ ဦးရှိတယ်လို့ သိရပါတယ်။

ထောင်ဒဏ် ၂ နှစ်ချခံထားရသူက ၅ ဦး၊ ထောင်ဒဏ် ၆ နှစ်ချခံထားရသူက ၁ဦး၊ထောင်ဒဏ် ၃ နှစ်ချခံထားရသူက ၁ ဦးရှိပြီး ကျန်တဲ့သူတွေက သတင်းစုံစမ်းနေဆဲရှိသလို၊စစ်ကြောရေးမှာရောက်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား #မိသားစုဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW