ယူကရိန်းအပေါ် အလုံးစုံစစ်ကြေညာမယ့်အစီအစဉ် ရုရှားငြင်းဆို

မော်စကို၊ မေ-၅-၂၀၂၂
မျိုးဆက်(VOM)

လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းအပေါ် အလုံးစုံစစ်ကြေညာမယ်လို့သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ရုရှားဘက်က ငြင်းဆိုလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး အထူးစစ်ဆင်ရေးအဖြစ်သာ ရည်ညွှန်းပြောဆိုထားပြီး စစ်ပွဲအဖြစ်ကိုမူ ငြင်းဆိုထားပါတယ်။

ဒါပေမယ့် ရုရှားသမ္မတပူတင်ဟာ ယူကရိန်းအပေါ် စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်မှုအတွက် ကြေညာဖို့ မေ ၉ ရက်ကို အောင်ပွဲနေ့အဖြစ် အသုံးပြုလာနိုင်တယ်လို့ အနောက်နိုင်ငံတာ၀န်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့်လည်း ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကတော့ ဒါတွေဟာ ကောလဟာလသတင်းတွေဖြစ်ပြီး မမှန်ကန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းသမ္မတဇီလန်စကီးအပေါ် ပိုမိုဖိအားပေးပြီး ယူကရိန်းကို လက်နက်ထောက်ပံ့တာတွေကို အနောက်နိုင်ငံတွေက ရပ်ဆိုင်းခြင်းအားဖြင့် စစ်ပွဲအဆုံးသတ်ရေး ကူညီနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW