ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတ၀န်းလူသေဆုံးမှု တရား၀င်စာရင်းထက် သုံးဆပိုများကြောင်း WHO ခန့်မှန်း

ဂျီနီဗာ၊ မေ-၆-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘတ၀န်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူ ၁၅ သန်းနီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပြီး ဒါဟာနှစ်နှစ်တာကာလအတွင်း တရား၀င်ကိန်းဂဏန်းတွေထက် သုံးဆပိုများနေပါတယ်။

နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအရေအတွက် မှတ်တမ်းတင်မှုမှာ နည်းပါးနေပြီး စုစုပေါင်း သေဆုံးသူ ၅ ဒသမ ၄ သန်းသာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၄ ဒသမ ၇ သန်းရှိပြီး တရား၀င်ကိန်းဂဏန်းထက် ၁၀ ဆပိုမိုများပြားကာ ကမ္ဘာတ၀န်းသေဆုံးမှုရဲ့သုံးပုံတစ်ပုံနီးပါးရှိတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အိန္ဒိယအစိုးရကတော့ အဲဒီခန့်မှန်းချက်နဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး သေဆုံးမှုတွက်ချက်တဲ့ နည်းစနစ်အပေါ် စိုးရိမ်မှုရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုပမာဏနဲ့ပတ်သက်ပြီး အခြားလေ့လာမှုတွေမှာလည်း အလားတူ ကောက်ချက်ချခဲ့ကြပါတယ်။

ကပ်ရောဂါမတိုင်မီ သက်ဆိုင်ရာနိုင်ငံတွေမှာ ပုံမှန်သေဆုံးမှုထက် ဘယ်လောက်ပိုမိုသေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ချက်ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW