ဂျပန်ပင်လယ်ထဲမှာ ရေငုပ်သင်္ဘောဖျက်ဒုံးကျည်သစ် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ရုရှားထုတ်ပြန်

မော်စကို၊ မေ ၇-၂၀၂၂
မျိးဆက်(VOM)

ရုရှားနိုင်ငံဟာ ဂျပန်ပင်လယ်အတွင်း ရေငုပ်သင်္ဘောဖျက် ဒုံးကျည်စနစ်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှားပစိဖိတ်ရေယာဉ်စုကနေ ပစ်လွှတ်မှုကို ပြသတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ Otvet ရေငုပ်သင်္ဘောဖျက်ဒုံးစနစ်ရဲ့ နောက်ဆုံးဗားရှင်းဟာ ရေအောက်စမ်းသပ်ပစ်မှတ်ကို ထိမှန်တယ်လို့ ဆိုပါတယ်။

Otvet စနစ်မှာ ပစ်ခတ်နိုင်တဲ့ အကွာအဝေး ကီလိုမီတာ ၅၀အထိ ရှိပြီး အ မြန်နှုန်းအသံထက်နှစ်ဆခွဲပျံသန်းနိုင်ကာ ရေအောက်အနက် မီတာ ၈၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။

အဲဒီဒုံးကျည်စနစ်ကို ဖရီးဂိတ်သဘော်တွေအပြင် အခြားစစ်သင်္ဘောအမျိုးအစားတွေမှာလည်း တပ်ဆင်ပစ်ခတ်နိုင်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလိုစမ်းသပ်ပစ်လွှတ်မှုဟာ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုနှင့်အတူ ကျယ်ပြန့်လာတဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ ဂျပန်နဲ့ အမေရိကန်တို့လို နိုင်ငံတွေအတွက် သတိပေးချက်အဖြစ် ရုရှာက ရည်ရွယ်ထားကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:Rusdia MoD
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW