စီးပွားရေးကြပ်တည်းအပေါ် ဆန္ဒပြမှုတွေ ပိုမိုဆိုးရွားလာတာကြောင့် သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ ကြေညာရပြန်

ကိုလံဘို၊ မေ-၇-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကြပ်အတည်းအပေါ် တလကျော်ကြာမြင့်ပြီဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြွပွဲတွေ ပိုမိုဆိုးရွားလာနေတာကြောင့် အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာလိုက်ပြန်ပါတယ်။

သမ္မတ Gotabaya Rajapaksa ဟာ အများပြည်သူလုံခြုံရေးအတွက် ဆိုကာ သောကြာနေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလို အမိန့်ထုတ်ပြန်လိုက်တာကြောင့် ဖမ်းဝရမ်းမပါဘဲ လူတွေကို ဖမ်းဆီးဖို့ အာဏာပိုင်တွေ အခွင့်အာဏာတွေ ပိုမိုရရှိစေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကလည်း နိုင်ငံအရေးပေါ်အခြေအနေကြေညာခဲ့ရပါသေးတယ်။

သမ္မတကို ရာထူးမှ နုတ်ထွက်ပေးဖို့ လွှတ်တော်အပြင်ဘက်မှာလူစုလူဝေး ပြုလုပ်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အစောပိုင်းမှာ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။

ဒီလိုမငြိမ်မသက်ဖြစ်မှုတွေဟာ ကပ်ရောဂါကြောင့်အပြင် ငွေကြေးဖောင်းပွမှုတွေကြောင့် စီးပွားရေကြပ်တည်းလာပြီးနောက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အစိုးရဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ဆီကနေ အကူအညီရယူဖို့ လုပ်ဆောင်နေပေမယ့် ဆွေးနွေးမှုတွေက အချိန်ကြာဦးမှာ ဖြစ်ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW