ရေငုပ်သင်္ဘောက ပစ်ခတ်နိုင်တဲ့ ဒုံးကျည် မြောက်ကိုရီးယား ပစ်ခတ်၊ နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်နေ

တိုကျို၊ မေ ၈ – ၂၀၂၂
မျိုးဆက် (VOM)

မြောက်ကိုရီးယားဟာ ကိုးရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းလွန်ပင်လယ်ထဲသို့ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ဂျပန်တို့က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးထားရှိမယ်လို့ ကတိပြုထားတဲ့ တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol ရာထူးမတက်ခင် ရက်ပိုင်းအလိုမှာ အခုလို ပစ်လွှတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုစမ်းသပ် ပစ်လွှတ်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် လက်ခံနိုင်ဖွယ်မရှိတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဂျပန်အနေနဲ့ ကာကွယ်ရေး စွမ်းရည်ကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Nobuo Kishi က သတင်းထောက်တွေကို ပြောပါတယ်။

မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ သတိပေးပြောကြားထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW