ဘုန်းကြီးကျောင်းဝန်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူ ၁ ဦး သေ ၊ ဘုန်းကြီး ၁ ပါး ဒဏ်ရာရ

မေ ၊ ၁၁-၂၀၂၂
SP (VOM)

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ၊ ကျောက်မဲတောင်ကျေးရွာ ၊ တောင်သုံးလုံး ဘုန်းကြီးကျောင်းဝန်းထဲကို မနေ့ မေလ ၁၀ရက် ညနေ ၄ နာရီဝန်းကျင်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦးသေဆုံးကာ ၊ ဘုန်းကြီး ၁ ပါး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ကျောင်းဝန်းထဲမှာ ရွာကလူတွေနဲ့ သန့်ရှင်းရေးလုပ်နေတဲ့အချိန် လက်နက်ကြီး ဗုံးသီး ကျရောက်ပေါက်ကွဲတာပါ “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် တောင်သုံးလုံးကျောင်းက ဘုန်းကြီး ၁ ပါးဟာ ဝမ်းဗိုက်နဲ့ ဝမ်းဗိုက်အောက်နေရာတွေမှာ ပေါက်ကွဲစ ထိမှန်ဒဏ်ရာရခဲ့ပြီး လူလတ်ပိုင်း အမျိုးသား ၁ ယောက်ကတော့ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Photo-နယ်ခံ လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ထားဝယ် #လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW