လူ ၁၁၃ ဦးတင်ဆောင်ထားတဲ့ တရုတ်ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပြီး မီးလောင် ၊ ၃၆ ဦး ဆေးရုံတင်ထားရ

ပေကျင်း၊ မေ-၁၂-၂၀၂၂
မျိုးဆက်(VOM)

ခရီးသည် ၁၁၃ ဦးကို တင်ဆောင်ထားတဲ့ တရုတ်ခရီးသည်လေယာဉ်တစီးဟာ ချုံကင်းလေဆိပ်မှာ မေ ၁၂ ရက်က ပြေးလမ်းချော်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

တိဘက်လေကြောင်းလိုင်းက Airbus A319 လေယာဉ်ဟာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နင်ချီမြို့ကို ပျံသန်းဖို့ လုပ်ဆောင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၁၃ ဦးနဲ့ လေယာဉ်အမှုထမ်း ကိုးဦးလိုက်ပါသွားတယ်လို့ တရုတ်လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး ဒဏ်ရာရသူ ၃၆ ဦးကို ဆေးရုံပို့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်မှူးတွေဟာ လေယာဉ်ရဲ့ မူမမှန်မှုကို သတိထားမိတာကြောင့် ပျံသန်းမှုကို ရပ်တန့်လိုက်ပြီးနောက် လေယာဉ်ဟာ ပြေးလမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

မတ်လအတွင်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ခရီးသည်တင်လေယာဉ်တစင်းပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ ၁၃၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW