မြေးမွေးမပေးတဲ့ သားဖြစ်သူဇနီးမောင်နှံကို ဒေါ်လာခြောက်သိန်းခွဲရလိုမှုနဲ့ မိဘတွေက တရားစွဲ

ဒေလီ၊ မေ-၁၃-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာရာခန်ပြည်နယ်မှာ အိမ်ထောင်သက်ခြောက်နှစ်ကြာအထိ မြေးမွေးမပေးတဲ့ တဦးတည်းသောသားနဲ့ ချွေးမဖြစ်သူတို့ကို မိဘနှစ်ပါးက တရားစွဲဆိုလိုက်ပါတယ်။

သားဖြစ်သူကို ပြုစုပျိုးထောင်ပေးပြီး ခမ်းနားသောမင်္ဂလာပွဲအပါအ၀င် သူ့အတွက် လေယာဉ်မှူးသင်တန်းအတွက် စုဆောင်းငွေတွေကို အသုံးပြုခဲ့ရကြောင်း မိဘတွေဖြစ်တဲ့ အသက် ၆၁ နှစ်အရွယ် ဆန်ဂျီဗ်နှင့် ၅၇ နှစ်အရွယ် ဆက်ဟာနာပရာဆက်တို့ကပြောပါတယ်။

တနှစ်အတွင်း သားဖြစ်သူဇနီးမောင်နှံက မြေးမွေးမပေးနိုင်ဘူးဆိုရင် အမေရိကန်ဒေါ်လာ ခြောက်သိန်းငါးသောင်းနီးပါးကို လျော်ကြေးငွေအဖြစ် မိဘတွေက တောင်းခံထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သားဖြစ်သူ ဇနီးမောင်နှံက မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။

သားဖြစ်သူအတွက် စုဆောင်းငွေအားလုံးအသုံးပြုခဲ့ပြီး လေယာဉ်မှူးသင်တန်းအတွက် ၂၀၀၆ ခုနှစ်မှာ အမေရိကန်သို့ စေလွှတ်ခဲ့ကြောင်း မစ္စတာ ပရာဆက်ကပြောပါတယ်။

သားဖြစ်သူဟာ ၂၀၀၇ ခုနှစ်မှာ အိန္ဒိယသို့ပြန်လာခဲ့ပေမယ့် အလုပ်ပြုတ်ခဲ့တာကြောင့်မိသားစုက သူ့ကိုငွေရေးကြေးရေးအရ နှစ်နှစ်ကျော် ထောက်ပံ့ခဲ့ရကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ်သားဖြစ်သူဟာ နောက်ဆုံးမှာ လေယာဉ်မှူးအလုပ်ရရှိခဲ့ပြီး မိဘတွေကသူတို့အငြိမ်းစားယူချိန်မှာ မြေးထိန်းဖို့ မျှော်လင့်ချက်နဲ့ ၂၀၁၆ ခုနှစ်မှာ အိမ်ထောင်ချပေးခဲ့ကြောင်း သိရပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW