ဒေလီမှာ လေးထပ်တိုက်မီးလောင်မှု လူ ၂၇ ဦးထက်မနည်းသေဆုံး

ဒေလီ၊ မေ-၁၄-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီိရှိ လေးထပ်အမြင့်ရှိရုံးခန်း အဆောက်အအုံတစ်ခု မေ ၁၃ ရက်တွင် မီးလောင်ကျွမ်းမှုကြောင်း လူ ၂၇ ဦထက်မနည်းသေဆုံးသွားပြီး ၁၂ ဦးဒဏ်ရာရရှိသွားကြောင်း အရေးပေါ်၀န်ဆောင်မှုဌာနက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းချိန်မှာ အဆောက်အအုံအတွင်း လူ ၇၀ ကျော်ရှိနေပြီး ရဲတွေကပြတင်းပေါက်တွေကို ချိုးဖျက်ကာ ကြိုးတွေကိုအသုံးပြုပြီး ပ်ိတ်မိနေသူတွေကို ကယ်တင်ခဲ့ရပါတယ်။

မြို့တော်ဒေလီအနောက်ဘက်ရှိ မန်ခါမြေအောက်ရထားဘူတာရုံအနီးဖြစ်ပွားခဲ့တဲ့ အဲဒီမီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၂၀ နဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဟာ ဝါယာရှော့ခ်ဖြစ်ပြီး စတင်ခဲ့တယ်လို့ ယူဆရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ သေဆုံးသူတွေအတွက် လွန်စွာ၀မ်းနည်းကြောင်း ၀န်ကြီးချုပ်မိုဒီက ပြောဆိုထားပြီး သေဆုံးသူတစ်ဦးချင်းအတွက် ဂရုဏာကြေး ဒေါ်လာ ၂၅၈၀ ပေးအပ်မယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ရာနေရာမှာ မီးငြိမ်းသွားပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြောင်း၊ အလောင်းအများစုကို ဒုတိယထပ်မှာ တွေ့ရှိခဲ့တယ်လို့ မီးသတ်ဌာန လက်ထောက်အကြီးအကဲကပြောပါတယ်။

Ref: BBC
Photo:ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW