နေတိုးအဖွဲ့ထဲ ဖင်လန်ဝင်ရင် မှားမယ်လို့ ရုရှားသမ္မတ သတိပေး

မော်စကို၊ မေ-၂၀၂၂
မျိုးဆက်(VOM)

ဖင်လန်နိုင်ငံအနေနဲ့ ကြားနေဝါဒကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့ထဲဝင်ဖို့ လုပ်ဆောင်ခြင်းဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ လုံခြုံရေးကို ရုရှားအနေနဲ့ ခြိမ်းခြောက်မှုမရှိကြောင်း ဖင်လန် သမ္မတSauli Niinistö ကို ပူတင်က ပြောဆိုပါတယ်။

ဖင်လန်သမ္မတက မကြာမီကြေညာဖွယ်ရှိတဲ့ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ဖို့ တရားဝင်တောင်းဆိုမှုမတိုင်မီ ရုရှားသမ္မတ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲပါတယ်။

ဆွီဒင်နိုင်ငံကလည်း ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် အနောက်အုပ်စုနဲ့ ပူးပေါင်းဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။

ဖင်လန်ဟာ ရုရှားနိုင်ငံနဲ့ ကီလိုမီတာ ၁၃၀၀ (၈၁၀ မိုင်) နယ်နိမိတ်ထိစပ်နေပါတယ်။

နေတိုးအဖွဲ့ထဲဝင်ဖို့ ဖင်လန်ရဲ့အားထုတ်မှုနဲ့ပတ်သက်ပြီး လက်တုံဲပြန်ဖို့ တိကျတဲ့ ခြိမ်းခြောက်မှုတွေကို ပူတင်က မပြောပေမယ့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက လက်တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း ရုရှားဟာ ဖင်လန်ကို လျပ်စစ်ဓာတ်အား ပေးဖို့မှုကို ဖြတ်တောက်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW