အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ပြင်းထန်တဲ့ အပူလိုင်းဖြတ်မှု ဖြစ်ပွားနေ

ဒေလီ၊ မေ-၁၆-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းကို ပြင်းထန်တဲ့အပူလိုင်းဖြတ်နေပြီး မြို့တော်ဒေလီရဲ့ နေရာအချို့မှာ အပူချိန် ၄၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထိရှိနေပါတယ်။

ဒါဟာ မတ်လနောက်ပိုင်း မြို့တော်ဒေလီမှာ ပဉ္စမမြောက် အပူလိုင်းဖြတ်တာ ဖြစ်ပါတယ်။ အပူချိန်ဆက်လက်မြင့်တက်နေတာကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။

အပူလှိုင်းကြောင့် အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်အပါအ၀င် ထိခိုက်လွယ်သူတွေ ကျန်းမာရေးထိခိုက်နိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။

ဟိမာချယ်ပရာဒက်ရှ်၊ ဟာယာနာ၊ ဥတာရာခန်၊ ပန်ဂျပ်နဲ့ ဘီဟာပြည်နယ်တို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အပူချိန် မြင့်တက်လာကြောင်း အိန္ဒိယမိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။

အချို့နေရာတွေမှာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းနိုင်ပေမယ့်လည်း ပြင်းထန်တဲ့ အပူဒဏ်ကနေ သက်သာရာရနိုင်ခြေမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုးရွားတဲ့အပူလှိုင်းတွေကြောင့် ယခုနှစ်နွေရာသီအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းက သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW