ဖင်လန်နဲ့ ဆွီဒင်က နေတိုးအဖွဲ့ထဲ၀င်ဖို့ တရား၀င်လျှောက်ထားပြီ

ဘရပ်ဆယ်၊ မေ-၁၈-၂၀၂၂
မျိုးဆက်(VOM)

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးမဟာမိတ်အဖွဲ့ထဲကို ၀င်ရောက်ဖို့ မေ ၁၈ ရက်မှာ တရား၀င်လျှောက်ထားခဲ့ပြီး ဒါဟာ ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်မှုကြောင့် ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တရပ်ဖြစ်ပါတယ်။

ဖင်လန်နဲ့ ဆွီဒင်တို့ဟာ စစ်အေးတိုက်ပွဲတလျှောက်လုံးမှာ ကြားနေအဖြစ် ရပ်တည်ခဲ့ကြပြီး နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်များစွာအတွင်း ဥရောပရဲ့လုံခြုံရေးဆိုင်ရာ အခြေအနေမှာ အထင်ရှားဆုံး အပြောင်းအလဲတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါဟာသမိုင်း၀င် အခိုက်အတန့်ပါပဲလို့ နေတိုးအဖွဲ့အကြီးအကဲ စတိုတန်ဘာ့က လျှောက်လွှာတွေ လက်ခံတဲ့ အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုပါတယ်။

နေတိုးအဖွဲ့ထဲ၀င်ဖို့ ဖင်လန်နဲ့ဆွီဒင်တို့ရဲ့ လျှောက်ထားမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း၊ အဲဒီနိုင်ငံတွေဟာ မိမိတို့ရဲ့ အရင်းနှီးဆုံးမိတ်ဖက်တွေဖြစ်ပြီး အဖွဲ့၀င်ဖြစ်လာခြင်းက နေတိုးအဖွဲ့၏ လုံခြုံရေးကို တိုးမြှင့်ပေးနိုင်မယ်လို့ သူကဆိုပါတယ်။

မဟာမိတ်အဖွဲ့ထဲကို ဖင်လန်နဲ့ဆွီဒင်၀င်ရောက်လာခြင်းက ဘောလ်တစ်ဒေသမှာ နေတိုးအဖွဲ့ ပိုမိုအားကောင်းလာမယ်လို့ နေတိုးအဖွဲ့က ယူဆနေပါတယ်။

တူရကီကတော့ ဖင်လန်နဲ့ဆွီဒင်တို့ရဲ့နေတိုးအဖွဲ့ထဲ၀င်ဖို့ကိစ္စကို ပိတ်ဆို့ဖို့ ခြိမ်းခြောက်နေပါတယ်။

ရုရှားနဲ့ ကီလိုမီတာ ၁၃၀၀ နယ်နိမိတ်ထိစပ်နေတဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ အဲဒီနှစ်နိုင်ငံ နေတိုးအဖွဲ့ထဲ၀င်တာဟာ ရုရှားအတွက် ပြသနာမရှိပေမယ့် နေတိုးအဖွဲ့အနေနဲ့ စစ်ရေးတိုးချဲ့မှုတွေပြုလာမယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: CNA
Photo:AP
#voiceofmyanmar #VOM #ဘရပ်ဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW