ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်း ရေရှည်ရင်ဆိုင်ရနိုင်ကြောင်း ကုလသတိပေး

နယူးယောက်၊ မေ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရေရှည်ဖြစ်ပွားဖွယ်ရှိတဲ့ စားနပ်ရိက္ခာအကြပ်အတည်းမှာ များမကြာမီ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ပိုမိုဆိုးရွားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

ယူကရိန်းရဲ့ပြည်ပပို့ကုန်တွေ စစ်ကြိုကာလတုန်းကလိုအခြေအနေပြန်မရောက်ဘူးဆိုရင် အချို့နိုင်ငံတွေမှာ ရေရှည်အငတ်ဘေးဆိုက်နိုင်တယ်လို့ သူက သတိပေးပြောဆိုပါတယ်။

ပဋိပက္ခတွေကြောင့် တချိန်က စားသုံးဆီအမြောက်အများအပြင် ပြောင်းနဲ့ဂျုံလိုမျိုး ကောက်ပဲသီးနှံတွေများစွာ တင်ပို့ခဲ့တဲ့ ယူကရိန်းဆိပ်ကမ်းတွေဆီကနေ ထောက်ပံ့ရေးကွင်းဆက်တွေဟာ ပြတ်တောက်နေပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ရောင်းလိုအာလျော့ကျခဲ့ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့စားနပ်ရိက္ခစျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါရဲ့ သက်ရောက်မှုနဲ့ လက်ရှိပဋိပက္ခတွေကြောင့် လူသန်းပေါင်းများစွာဟာ စားနပ်ရိပ်က္ခာမလုံလောက်မှုကြောင့် အာဟာရချို့တဲ့မှု အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုအန္တရယ်ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးပြောဆိုပါတယ်။

Ref: BBC
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW