ရုရှားရေတပ်ကိုခြေမှုန်းဖို့ အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်တွေ ယူကရိန်းကိုပေးဖို့ စီစဉ်နေ

ကိယက်ဗ်၊ မေ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ရုရှားရေတပ်ရဲ့ ပိတ်ဆို့ထားမှုတွေကို ချေမှုန်းရာမှာအထောက်အကူဖြစ်ဖို့အတွက် အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်တွေ ယူကရိန်းကိုပေးဖို့ အမေရိကန်က စီစဉ်နေကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားစစ်သင်္ဘောတွေကို နစ်မြုပ်စေမယ့် ပိုမိုအားကောင်းတဲ့လက်နက်တွေကြောင့် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွား ပြင်းထန်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

ယူကရိန်းဟာ လက်ရှိလက်၀ယ်ရထားတဲ့ အမြောက်တွေ၊ ဂျာဗလင် နဲ့ စတင်းဂါးဒုံးကျည်တွေနဲ့ အခြားလက်နက်တွေထက် ပိုမိုအစွမ်းထက်တဲ့ အမေရိကန်ဆီက လက်နက်တွေ လိုချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အမေရိကန်ဟာ ယူကရိန်းအတွက် ဘိုးအင်းကထုတ်လုပ်တဲ့ Harpoon ဒုံးကျည်၊ ကောင်စ်ဘာ့နဲ့ ရေသီယွန်တို့က ထုတ်လုပ်တဲ့ Naval Strike Missile စတဲ့ အစွမ်းထက်ဒုံးကျည်နှစ်မျိုး ဖြစ်နိုင်တယ်လို့ အမေရိကန်တာ၀န်ရှိသူ သုံးဦးနဲ့ လွှတ်တော်အမတ် နှစ်ဦးက ပြောပါတယ်။

ဒီအစွမ်းထက်ဒုံးကျည်တွေကို ယူကရိန်းကို တိုက်ရိုက်သို့မဟုတ် အဲဒီဒုံးကျည်တွေပိုင်ဆိုင်ထားတဲ့ ဥရောပမဟာမိတ်တွေကတစ်ဆင့် ပေးဖို့နိုင်ခြေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းအတွက် နောက်ထပ်အကူအညီအဖြစ် ဒေါ်လာ ၄၀ ဘီလီယံ ပေးဖို့ အမေရိကန်ကွန်ဂရက်က မေ ၁၉ ရက်မှာ ခွင့်ပြုလိုက်ပြီး ဒီဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒင်က များမကြာမီ လက်မှတ်ထိုးဖွယ်ရှိပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW