သာကေတမြို့နယ်မှာ NLDပါတီထောက်ခံတဲ့ အထည်ဆိုင် သေနတ်နဲ့ပစ်ခံရ ၁ဦးသေ၊၂ဦးဒဏ်ရာရ

မေ ၁၉-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သာကေတမြို့နယ်က NLD ပါတီကိုထောက်ခံသူတွေရဲ့ အထည်ဆိုင်ကို ဒီကနေ့ နေ့လယ်ပိုင်းက
အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ကားနဲ့လာရောက်ပစ်ခတ်ခဲ့လို့ (၁)ဦးသေပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သာကေတမြို့နယ် ၊ ၇/ အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနဲ့ စပယ်လမ်းထောင့်မှာရှိတဲ့ အထည်ဆိုင်မှာ ဒီကနေ့ နေ့လယ်သုံးနာရီက ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတဦးသေဆုံးကာ အမျိုးသားတဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“နာမည်ကိုမေးပြီးမှ ကားပေါ်က ဆင်းပစ်တာပါ၊ အမျိုးသမီးတဦးက ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာ
ရတဲ့အမျိုးသမီးနဲ့အမျိုးသားလည်း စိုးရိမ်ရတယ်”လို့ သူကပြောပါတယ်။

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ်ရှိ မဆိုဖီယာဖြစ်ပြီး DadeBody ကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူ(၂)ဦးမှာ ဦးရဲဇော်မောင်နှင့် ဒေါ်သင်းသင်းလှိုင်တို့ဖြစ်ပြီး စိုးရိမ်ရတယ်လို့ အုပ်ချုပ်ရေးနှင့်နီးစပ်သူတဦးက ပြောပါတယ်။

ဒီလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတချို့ရှိနေပေမယ့် VOM သတင်းဌာနအနေနဲ့အတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ အောင်သပြေလမ်းမကြီးကို ခေတ္တပိတ်ထားပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #NLD #ဆိုင်တဆိုင်ပစ်ခတ်ခံရ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW