သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ပြန်ချိန်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်သုံးစင်း စမ်းသပ်ပစ်ခတ်

ပြုံးယမ်း၊ မေ-၂၅-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ မေ ၂၅ ရက်အစောပိုင်းမှာ တိုက်ချင်းပစ်ဒုံးကျည်တစင်းအပါအ၀င် ပဲ့ထ်ိန်းဒုံးကျည်သုံးစင်း ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ဒုံးကျည်တွေကို ပြုံးယမ်းရှိ ဆူနန်ဒေသမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကို ဟန့်တားဖို့ အစီအမံတွေ တိုးမြှင့်ဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒေသတွင်းခရီးစဉ်ပြီးလို့ အမေရိကန်ပြန်ချိန်မှာ အခုလို စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းမှစပြီး ပဲ့ထိန်းဒုံးကျည်တွေကို ဆက်တိုက်ဆိုသလို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မေ ၂၅ ရက်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံကလည်း အတည်ပြုထားပါတယ်။

ပထမဒုံးကျည်ဟာ အမြင့် ၅၅၀ ကီလိုမီတာမှ အကွာအဝေး ကီလိုမီတာ ၃၀၀ ထိပျံသန်းခဲ့ပြီး ဒုတိယဒုံးကျည်မှာ ၅၀ ကီလိုမီတာအမြင့်မှ ၇၅၀ ကီလိုမီတာထိ ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက ပြောပါတယ်။

အဲဒီလို စမ်းသပ်ပစ်ခတ်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအဝိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်နေကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီးက ပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW