ဒေါက်တာအောင်မိုးညို အလုပ်နဲ့ထောင် ၃နှစ် ထပ်မံချမှတ်ခံရ

မေ ၂၆-၂၀၂၂
GG(VOM)

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင်တရားရုံးကနေ မနေ့ မေ ၂၅ရက်က အလုပ်နဲ့ ထောင် ၃ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ်၊မနေ့က အမိန့်ချလိုက်တယ်လို့ သိရပါတယ်။အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ်ပါ ” လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

NLD အစိုးရလက်ထက်က ကိုဗစ်ကာလ ပွင့်ဖြူမြို့မှာပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးစုရုံးပွဲတစ်ခုကို ဒေါက်တာအောင်မိုးညို တက်ရောက်ခဲ့တယ်ဆိုတဲ့ပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ နဲ့ တရားစွဲအမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာအောင်မိုးညိုကို ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လ ၈ရက်နေ့မှာ ၅၀၅ (ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တဦးတည်းအပေါ် စွဲဆိုတဲ့ အဂတိလိုက်စားမှု ၃ မှု၊ တခြားတိုင်းဝန်ကြီးတွေနဲ့ ပူးတွဲစွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၃ မှုတို့အတွက် စုစုပေါ တစ်မှုကို ထောင် ၃ နှစ်စီနဲ့ ထောင်ဒဏ်၁၈နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာလည်း ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၇၁(စ) နဲ့ ထောင် ၁နှစ် ထပ်မံချမှတ်ခံခဲ့ရတာကြောင့် အားလုံးပေါင်း ၂၁ နှစ်ဖြစ်ပါတယ်။

ဒါကြောင့် အခုဆိုရင် ဒေါက်တာအောင်မိုးညိုဟာ ထောင်ဒဏ်၂၄ နှစ်အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။

ဒေါက်တာအောင်မိုးညိုကို စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နောက် ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာ ထပ်မံ ဖမ်းဆီးကာ လက်ရှိအမိန့်ချတဲ့အထိဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM ဒေါက်တာအောင်မိုးညို #ထောင်သုံးနှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW