ရေစကြိုမြို့ပေါ်က ကုန်မာဆိုင်တဆိုင် ဖျက်ဆီးခံရပြီး ငွေသားအချို့ ပျောက်ဆုံးနေ

မေ ၊ ၂၆-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့ ၊ အမှတ် ၃ ရပ်ကွက်က ကုန်မာဆိုင် ၁ ဆိုင်ဟာ မနေ့ မေ ၂၅ ရက် ၊ မနေ့က ညနေပိုင်းမှာ ဆိုင်ထဲရှိ ပစ္စည်းတချို့ ဖျက်ဆီးခံခဲ့ရပြီး ငွေသားအချို့ပျောက်ဆုံးနေတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

” ညနေ ၄ နာရီဝန်းကျင်မှာပါ ၊ ဆိုင်က အမှတ် ၃ ရပ်ကွက်ထဲက ဒေါ်ဝေမမတင် ကုန်မာဆိုင်ဖြစ်တယ် ၊ စျေးရောင်းရတဲ့ ပိုက်ဆံ သိန်း ၂၀ ကျော်ပါသွားတယ် ၊ ဆိုင်ထဲက ဗီရိုတွေလည်း ဖျက်ဆီးထားခဲ့တာ”လို့ ဆိုင်ရှင်ရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။

အဲ့ဒီလို ဖြစ်ပွားပြီးနောက် အချိန်အနည်းငယ်တွင်းမှာ စစ်သားနဲ့ ရဲတွေ ဆိုင်ကိုရောက်လာပြီး အမှုဖွင့်အရေးယူဖို့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတဦးက ” ဓားပြတိုက်တဲ့သူတွေက သာမန်အရပ်သားတွေမဟုတ်ဘူး ၊ အကြမ်းဖက် လုပ်ကိုင်နေသူတွေဖြစ်တယ် ၊ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေပါတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကူ – ရေစကြို ပြေးဆွဲနေတဲ့ ကားတစီး ဓားပြအတိုက်ခံရပြီး ကားပေါ်ပါ လူတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီလအတွင်း ပခုက္ကူခရိုင်ထဲမှာ ဓားပြတိုက်မှုဖြစ်စဥ် ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုအားလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေစကြို #ကုန်မာဆိုင် #ဖျက်ဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW