ဆိပ်ဖြူမြို့နယ်မှာ လင်မယား၂ဦး အသတ်ခံရပြီး အိမ်အတွင်းပစ္စည်းတွေ ပျောက်ဆုံးနေ

မေ ၊ ၂၇-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာမှာ မနေ့ မေ ၂၆ ရက် မနက်အစောပိုင်းမှာ အိမ်ရှင်လင်မယား အသတ်ခံရပြီး အိမ်အတွင်းကပစ္စည်းတွေ ပျောက်ဆုံးသွားတယ်လို့ ဆိပ်ဖြူမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က မနက် ၃ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရတာပါ ၊ ရွှေထည် လက်ဝတ်လက်စားတွေပါသွားတဲ့အပြင် ကားနဲ့ ဆိုင်ကယ်ပါ ၊ ပါသွားတယ် ၊ အိမ်ရှင် လင်မယား ၂ ယောက်စလုံး သတ်ခံရတယ် “လို့ သေဆုံးသူရဲ့ မိတ်ဆွေ အလယ်စုရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိပ်ဖြူမြို့နယ် လုံခြုံရေး အဖွဲ့ ၊ တာဝန်ရှိသူတယောက်က ” အလယ်စုရွာမှာနေထိုင်တဲ့ ဦးညိုမြင့် ၊ ဒေါ်သီတာမိုးရဲ့နေအိမ်မှာ အကြမ်းဖက် လူသတ် လုယက် ဓားပြမှု ဖြစ်ပွားခဲ့တာပါ ၊ ရွှေထည် ၁ ကျပ်သား ဆွဲကြိုး ၁ ကုံး ၊ ၅ မူးသား လက်ကောက် ၃ ကွင်း ၊ ဆန် ၃ အိတ် ၊ DAYANG-125 ဆိုင်ကယ် ၁ စီး၊ YGN 2G-2773 နံပါတ်ပါ Hljet (အဖြူရောင်) ကား ၁ စီး ပါသွားတဲ့အပြင် အိမ်ရှင် လင်မယား ဦးညိုမြင့်နဲ့ သူ့မိန်းမ ဒေါ်သီတာမိုးတို့ ၂ ယောက်ကိုလည်း သတ်သွားတာပါ ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုကို ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယိလို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲမှာ ဓားပြတိုက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒီလအတွင်း ပခုက္ကူမြို့နယ်မှာ ၅ ကြိမ် ၊ မြိုင်နယ်မှာ ၃ ကြိမ် ၊ ရေစကြိုနယ်မှာ ၃ ကြိမ် ၊ ပေါက်မြို့နယ်မှာ ၂ ကြိမ်နဲ့ ဆိပ်ဖြူနယ်မှာ အခု ၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဆိပ်ဖြူ #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW