ကလေးမြို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၃ ဦးသေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မေ ၊ ၂၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ တာဟန်းရပ်ကွက်ထဲကို မေ ၂၈ ရက် ၊ မနေ့က ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိမှန်တဲ့အတွက် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ တာဟန်း ဇိုမီးလူငယ်ရေးရာအဖွဲ့ဆီက သိရပါတယ်။

” မင်းကင်းမြို့နယ်ဘက်ကနေ ကလေး တာဟန်းမှာ အိမ်ငှားနေပြီး စစ်ဘေးရှောင်နေတဲ့ အိမ်ပေါ်ကျရောက် ပေါက်ကွဲတဲ့အတွက် ပထမ လူ ၂ ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ ဒေါ်နီနှီအေး အသက် ၄၇ နှစ်နဲ့ သူ့ရဲ့သား ကိုဘုန်းမြတ်ဦး အသက် ၂၆ နှစ်တို့ဖြစ်တယ် ” လို့ တာဟန်းလူမှုကူညီရေး ပရဟိတသမား တစ်ယောက်က ပြောပါတယ် ။

ဒါ့အပြင် တာဟန်း အာဂပေ ဆေးရုံးနားက နေအိမ်တခုပေါ်မှာလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲတဲ့အတွက် အသက် ၇ လသားအရွယ် ကလေးမိခင်ဖြစ်သူ မဗွေ ဆိုတဲ့သူလည်း ဒီမနက် ၂ နာရီဝန်းကျင်မှာ ေဆးကုသခံနေရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒိအပြင် ကလေးမြို့နယ် စက္ကန့်ကျေးရွာက အမျိုးသမီး ၁ ယောက်လည်း လက်နက်ကြီး ကျည်ထိမှန်ပြီး ညာဘက်လက် ၁ ဖက် ပြတ်သွားတယ်လို့ ကြားရပါသေးတယ် ။

ကလေးမြို့မှာ ညကကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်း ထိမှန်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အလတ်တလော တာဟန်းဇိုမီးလူငယ်အဖွဲ့က တာဝန်ယူ ကူညီပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ လက်နက်ကြီးကျည်တွေဟာ လူနေရပ်ကွက်ဘက်ကို ပစ်မှတ်ထားပြီး ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကို VOM က အတည်ပြုနိုင်တာ မရှိပါဘူး။

Photo. ၊ တာဟန်း ဇိုမီးလူငယ်

#voiceofmyanmar #VOM #တာဟန်း #ကလေးမြို့ပေါ်လက်နက်ကြီးကျ #စစ်ရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW