ဆွာချောင်းမှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့၊ ကျန် ၁ ဦးကိုရှာဖွေနေရ

မေ ၊ ၃၁-၂၀၂၂
SP( VOM)

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၊ ဆွာချောင်းထဲမှာ မနေ့ မေ ၃၀ ရက် နေ့လယ်ပိုင်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ် ၃ ဦးထဲက ၂ ဦးကို ဒီကနေ့မနက်ပိုင်းက သေဆုံးလျက်ပြန်တွေ့ရပြီး ၊ ကျန် ၁ ဦးကို ဆက်လက်ရှာဖွေနေရတယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဒီမနက်ပိုင်းမှာ မောင်သီဟထွန်းနဲ့ မသဲစုလှိုင် တို့ ၂ ယောက်ကို သေဆုံးလျက်ပြန်တွေ့ရတယ် ၊ ကျန်နေသေးတဲ့ မဆောင်းသီရိမွန် ကိုတော့ ဆက်လက်ရှာနေကြတုန်း ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ရေနစ်ပျောက်ဆုံးတဲ့ ကလေး ၃ ယောက်ဟာ ရထားလမ်းအောက်က ဆွာချောင်းထဲကို နွားရေတိုက်နေတဲ့အချိန် မီးရထားလာတာကြောင့် နွားတွေကလှန့်ပြီး ရေထဲကိုခုန်ချတဲ့အခါ နွားနဖားကြိုးကိုင်ထားတဲ့ ကလေး ၃ ယောက်လုံး ရေထဲပြုတ်ကျပြီး ရေနစ်ပျောက်ဆုံးသွာတာဖြစ်တယ်လို့ သိရပါတယ်။

” ကလေးတွေ ပြုတ်ကျတဲ့နေရာက ရေအနက် ဝါး ၂ ပြန်လောက်နက်တယ် ၊ ရေစီးကလည်း သန်တယ် ၊ အဲ့ဒါကြောင့် ရေနစ်ပျောက်ဆုံးကုန်းတာ “လို့ နယ်ခံတယောက်က ရှင်းပြပါတယ်။

ရေနစ်ပျောက်ဆုံးခဲ့ရတဲ့ ကလေးငယ် ၃ ဦးကတော့ မောင်သီဟထွန်း အသက် ၂ နှစ် ၊ မသဲစုလှိုင် အသက် ၁၁နှစ် နဲ့ မဆောင်းသီရိမွန် အသက် ၈နှစ်တို့ဖြစ်တယ်လို့ သူတို့ရဲ့ ဦးလေးတော်စပ်သူက ပြောပါတယ်။

အဲ့ဒီ ကလေးငယ် ၃ ဦး ရေနစ်သေဆုံးတာနဲ့ပတ်သက်ပြီး ဆွာနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရေတာရှည် #ရေနစ် #ကလေး၃ဦး

Related posts

Leave a Comment

VOM News

FREE
VIEW