ထိုင်၀မ် လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် အစင်း ၃၀ ၀င်ရောက်

တိုင်ပေ၊ မေ-၃၁-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ် လေကြောင်းကာကွယ်ရေးဇုန်အတွင်းကို တရုတ်စစ်လေယာဉ်အစင်း ၃၀ ၀င်ရောက်လာတာကြောင့် တိုက်လေယာဉ်တွေ ဖြန့်ကြက်ခဲ့ရကြောင်း ထိုင်၀မ်စစ်ဘက်က ထုတ်ပြန်ပါတယ်။

ထိုင်၀မ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ်တွေ မေ ၃၀ ရက်မှာ ၀င်ရောက်တဲ့ဖြစ်စဉ်ဟာ ဇန်နဝါရီလနောက်ပိုင်း လေယာဉ်အများအပြား ၀င်ရောက်မှုလည်းဖြစ်ပါတယ်။

လေယာဉ်တွေဟာ ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးဇုန်ရဲ့ တစ်စိတ်တစ်ပိုင်ဖြစ်တဲ့ ပရာတက်စ်ကျွန်းစုရဲ့ အရှေ့မြောက်ဧရိယာအတွင်း ပျံသန်းသွားကြောင်း ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုင်ပေကို ကျူးကျော်ခြင်းမပြုဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သူ့ရဲ့ အာရှခရီးစဉ်အတွင်း တရုတ်ကိုသတိပေးခဲ့ပြီး အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးကလည်း တိုင်ပေသို့သွားကာ တာ၀န်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာတွေဆွေးနွေးခဲ့ပါတယ်။

ထိုင်၀မ်ကို ခွဲထွက်ပြည်နယ်တခုအဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးမီလတွေအတွင်း လေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို တိုးမြှင့်ခဲ့ပြီး ဒါဟာ လေ့ကျင့်ရေးပြုလုပ်ခြင်းသာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပေမယ့် ဒီလုပ်ရပ်တွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW